အိုလံပစ် အားကစား ပြိုင်ပွဲ ထပ်ဆင့်ထုတ်လွှင့်ရေး အတွက် CMG၏ ပထမ အသုတ် ပစ္စည်း ကိရိယာများကို ပါရီမြို့သို့ ပို့ဆောင်ရောက်ရှိပြီး စတင် တပ်ဆင်

(GMT+08:00)2024-07-05 13:36:55  

ယနေ့ ၅ရက်နေ့တွင် ပါရီ အိုလံပစ် အားကစား ပြိုင်ပွဲ စတင် ကျင်းပရန် ၂၂ရက်သာ လိုတော့သည်။ ပါရီ အိုလံပစ် အားကစား ပြိုင်ပွဲ ထပ်ဆင့်ထုတ်လွှင့်ရေး အတွက် China Media Group၏ ပထမ အသုတ် ပစ္စည်း ကိရိယာများကို ၄ရက်နေ့တွင် ပါရီမြို့ရှိ အိုလံပစ် အားကစား ပြိုင်ပွဲ ဆိုင်ရာ နိုင်ငံတကာ သတင်းဖြန့်ချိရေး စင်တာ(IBC)သို့ ပို့ဆောင် ရောက်ရှိပြီး စတင် တပ်ဆင်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ် အိုလံပစ် အားကစား ပြိုင်ပွဲကို ထပ်ဆင့်ထုတ်လွှင့်ရေးနှင့် သတင်း ထုတ်ပြန်ခြင်း အတွက် China Media Groupသည် ထပ်ဆင့်ထုတ်လွှင့်ရေး၊ အစီအစဉ် ထုတ်လုပ်ရေးနှင့် နည်းပညာ ဝန်ဆောင်မှု ပေးရေး စသည့် အဖွဲ့ဝင် ၂ထောင်ကျော်ကို စေလွှတ်ပြီး အိုလံပစ် အားကစား ပြိုင်ပွဲကို ထပ်ဆင့်ထုတ်လွှင့်ရေးနှင့် သတင်း ထုတ်ပြန်ခြင်း သမိုင်းကြောင်းတွင် စံချိန်သစ် တင်မည် ဖြစ်ကြောင်း သိရပါသည်။