တာဂျစ်ကစ္စတန်နိုင်ငံ မီဒီယာတွင် ရှီကျင့်ဖိန်၏ဆောင်းပါးကို ဖော်ပြ

(GMT+08:00)2024-07-05 14:29:11  

   ဇူလိုင်လ ၅ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တာဂျစ်ကစ္စတန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေစဉ်အတွင်း တာဂျစ်ကစ္စတန်နိုင်ငံ ပြည်သူ့သတင်းစာနှင့် ဟော်ဝါ အမျိုးသားသတင်းအင်ဂျင်စီတို့တွင် ရှီကျင့်ဖိန်၏ “တရုတ်နှင့် တာဂျစ်ကစ္စတန် ဆက်ဆံရေး၏ သာယာသော အနာဂတ်ကို လက်တွဲ ဖန်တီးခြင်း”ဆောင်းပါး ကို ဖော်ပြခဲ့ပါသည်။

  ယင်းဆောင်းပါးတွင် တရုတ်နှင့် တာဂျစ်ကစ္စတန် နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်ပြီး အေးအတူ ပူအမျှ ဖြစ်ကာ သမိုင်းသက်တမ်း ကြာမြင့်သော ပိုးလမ်းမကြီးသည် နှစ်နိုင်ငံ ပြည်သူများ၏ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်သော ချစ်ကြည်ရေးကို သက်သေပြနေကြောင်း၊ တရုတ် ဟန်မင်းဆက်ခေတ်က ကျန်းကျန်၊ ထမ် မင်းဆက်ခေတ်က ရွှမ်ဇန့်၊ မင် မင်းဆက်ခေတ်က ချင်ချင်တို့သည် တာဂျစ်ကစ္စတန်၌ ချစ်ကြည်ရေး ခြေရာများ ချန်ထားခဲ့ကြောင်း၊ စုထေ့ ကုန်သွယ်ရေးအဖွဲ့သည် ဥရောပတိုက်နှင့် အာရှတိုက် ကြားတွင် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ခဲ့ပြီး တရုတ်နှင့် အလယ်အာရှ၊ အနောက်အာရှနှင့် ဥရောပတို့အကြား ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးခဲ့သည့်အပြင် ပိုးလမ်းမကြီး တစ်လျှောက်မှ ပြည်သူများ၏ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူရေးအတွက် ထူးခြားသော အကျိုးများ ဆောင်ရွက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။