တရုတ်နိုင်ငံသည် Tianhui 5 အမှတ်၂ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-07-05 13:56:20  

ပေကျင်းစံတော်ချိန် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆နာရီ ၄၉မိနစ်က တရုတ်နိုင်ငံသည် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ချမ်ကျင်းအမှတ်၆ သယ်ဆောင်ရေးဒုံးပျံဖြင့် Tianhui 5 အမှတ်၂ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ဂြိုဟ်တုက ကြိုတင်သတ်မှတ်ထားသည့် ပတ်လမ်းကြောင်းသို့  ချောမွေ့စွာ ဝင်ရောက်ပြီး လွှတ်တင်ရေးတာဝန် ပြီးပြည့်စုံစွာ အောင်မြင် ကြောင်း၊ ဂြိုဟ်တုသည် ပထဝီဝင်အချက်အလက်မြေပုံဆွဲခြင်း၊ မြေယာနှင့် သယံဇာတ  သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် သိပ္ပံနည်းကျ စမ်းသပ်သုတေသနပြုခြင်းစသည့် လုပ်ငန်းတာဝန်များကို အဓိကအားဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။