တရုတ်နိုင်ငံသည် ၂၀၂၄ - ၂၀၂၅ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အဖြစ် ထမ်းဆောင်

(GMT+08:00)2024-07-04 18:05:40  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်  ကျင်းပသော ၂၄ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေး၌ တရုတ်နိုင်ငံက ၂၀၂၄ - ၂၀၂၅ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အဖြစ် ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းသည် ၇ နှစ် ကြာပြီးနောက် တရုတ်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အဖြစ် နောက်ထပ်တစ်ကြိမ် ထမ်းဆောင်ခြင်း ဖြစ်သည်။