ရှင်းကျိုး-၁၈ အာကာသယာဉ်၏ အာကာသယာဉ်မှူးများသည် ဒုတိယမြောက် အာကာသယာဉ်အပြင်ထွက်ခြင်း အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2024-07-04 16:37:24  

China Manned Space Engineering Officeမှ သတင်းအချက်အလက်အရ ပေကျင်းစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ည ၁၀နာရီ ၅၁မိနစ်တွင် ရှင်းကျိုး-၁၈ အာကာသယာဉ်၏ အာကာသယာဉ်မှူးများသည် အာကာသယာဉ်အပြင်ထွက်ပြီး အာကာသစခန်း၏ စက်ရုပ်များ၊ မြေပြင်သိပ္ပံဆိုင်ရာ သုတေသီများနှင့်အတူ ပူးပေါင်းဆောင်ရွက် ပံ့ပိုးကူညီမှုဖြင့် ၆ နာရီ ၅ မိနစ် ခန့် ကြာ ဒုတိယမြောက် အာကာသယာဉ်အပြင်ထွက်ခြင်း လှုပ်ရှားမှုကို အောင်မြင်စွာ ပြီးမြောက် ခဲ့ကြောင်း သတင်းအရ သိရပါသည်။