Diaoyu ကျွန်းတစ်ဝိုက်ရှိ တရုတ်ရေပိုင်နက်အတွင်းသို့ ဂျပန်သင်္ဘောများ တရားမဝင် ဝင်ရောက်ခဲ့ပြီး တရုတ်ကမ်းခြေစောင့်ရဲတပ်မှ ဥပဒေနှင့်အညီ နှင်ထုတ်

(GMT+08:00)2024-07-04 11:36:34  

ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဂျပန်ငါးဖမ်းသင်္ဘော "Tsurumaru" ၊ "Zenkomaru 2" နှင့် ကင်းလှည့်သင်္ဘော သုံးလေးငါးစင်းသည် တရုတ်နိုင်ငံ Diaoyu ကျွန်း၏ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်ကမ်းခြေစောင့်ရဲတပ်သည် ဥပဒေနဲ့အညီ လိုအပ်သည့် ထိန်းချုပ်ရေးဆောင်ရွက်မှုများပြုလုပ်ပြီး ထွက်ခွာရန် သတိပေး၍ နှင်ထုတ်ခဲ့ကြောင်း၊ Diaoyu ကျွန်းနှင့် ဆက်စပ်ကျွန်းများသည် တရုတ်နိုင်ငံ၏ ပိုင်နက် နယ်မြေဖြစ်ပြီး အဆိုပါ ရေပိုင်နက်အတွင်း တရားမဝင် လုပ်ဆောင်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် ဂျပန်ကို တိုက်တွန်းထားကြောင်း တရုတ်ကမ်းခြေစောင့်ရဲတပ်မှ ပြောရေးဆိုခွင့်ရှိသူ Liu Dejun က ပြောကြားခဲ့သည်။