ရှီကျင့်ဖိန်သည် ဉဇဘက်ကစ္စတန်သမ္မတ Mirziyoyev နှင့် တွေ့ဆုံ

(GMT+08:00)2024-07-04 13:42:38  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အာစတာနာမြို့၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မတက်ရောက်မီ ဉဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mirziyoyevနှင့် တွေ့ဆုံခဲ့ပါသည်။ 

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဉဇဘက်ကစ္စတန်နိုင်ငံအား နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ထောက်ခံပြီး ဉဇဘက်ကစ္စတန်နိုင်ငံ၏ ယုံကြည်အားထားရသော မိတ်ဆွေနှင့် မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် “Belt and Road”အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာတွန်းအားပေးပြီး စီးပွားကုန်သွယ်ရေးနှင့် အလယ်အလတ်နှင့်ရေရှည် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ကောင်းမွန်စွာအကောင်အထည်ဖော်ကာ တရုတ်-ကာဂျစ်စတန်-ဉဇဘက်ကစ္စတန် ရထားလမ်းတည်ဆောက်မှု နှင့် photovoltaic၊ လေအား လျှပ်စစ်ဓာတ်အား၊ စွမ်းအင်သစ်မော်တော်ကားစသောနယ်ပယ်များဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုလျင်မြန်စွာဆောင်ရွက်၍ ဆင်းရဲမှုပပျောက်ရေးနှင့် လူမှုရေး စီမံအုပ်ချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

Mirziyoyevက ဉဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေး မူကို ပြတ်သားစွာစွဲကိုင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တရုတ်-အလယ်အာရှ စည်းစနစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စသောဘက်ပေါင်းစုံ မူဘောင်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး သမ္မတရှီကျင့်ဖိန်မှ ဖော်ပြသော တစ်ကမ္ဘာလုံး ဖွံ့ဖြိုးရေး အဆိုပြုချက်၊ တစ်ကမ္ဘာလုံးလုံခြုံရေး အဆိုပြုချက်၊ တစ်ကမ္ဘာလုံး ယဉ်ကျေးမှု အဆိုပြုချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။