ရှီကျင့်ဖိန်သည် အဇာဘိုင်ဂျန် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00)2024-07-04 10:59:14  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ အဇာဘိုင်ဂျန် သမ္မတ Aliyevနှင့် တွေ့ဆုံခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အဇာဘိုင်ဂျန်တို့သည် စိတ်ရင်းမှန်ဖြင့် အပြန်အလှန် ယုံကြည်မှု ထားရှိသော မိတ်ဆွေကောင်းဖြစ်ပြီး တန်းတူရည်တူ အပြန်အလှန် အကျိုးရှိစေသော မိတ်ဖက်ကောင်းလည်းဖြစ်ကြောင်း၊ တရုတ်-အဇာဘိုင်ဂျန် ဆက်ဆံရေးသည် အစဉ်တစိုက် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်မှု များစွာ ရရှိကာ မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်လည်း ပိုမို ကြွယ်ဝလာကြောင်း၊ မိမိတို့သည် နှစ်ဖက်ဆက်ဆံမှုကို မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုအထိ အဆင့်မြှင့်တင်ပြီး ယင်းသည် အဆင့်နေရာအသစ်နှင့် အစနေရာအသစ် ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဘက်တို့သည် ဆက်လက် အပြန်အလှန် ကူညီထောက်ခံကြပြီး နှစ်နိုင်ငံ ပြည်သူများ အကျိုးရှိစေရန် ပိုမို ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

Aliyev က အဇာဘိုင်ဂျန်သည် တရုတ်နှင့်အတူ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ပိုမိုကောင်းမွန်သော အလားအလာကို ဖော်ထုတ်ရန်၊ Belt and Road မူဘောင်အတွင်း စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်သစ်လုပ်ငန်းနှင့် လူမှုယဉ်ကျေးမှု စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကဲ့သို့သော မူဘောင်များအတွင်း ပိုမို ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြင်ပ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားသည်။