ဂျပန်၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဂျပန်အစိုးရမှ ဖုံးကွယ်ထားခြင်းနှင့်ပတ်သက်ပြီး အိုကီနာဝါ ပြည်နယ်မှ အုပ်ချုပ်ရေးမှူးက တိုကျိုသို့ သွားရောက်ပြီး ဆန္ဒပြ

(GMT+08:00)2024-07-04 10:55:40  

ဒေသစံတော်ချိန် ၃ ရက်နေ့က ဂျပန်နိုင်ငံ အိုကီနာဝါ ပြည်နယ်မှ အုပ်ချုပ်ရေးမှူး Tamaki Denny သည် ဂျပန်၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၏ အပျက်သဘောဆောင်သော ဂယက်ရိုက်ခတ်မှုနှင့် ဂျပန်အစိုးရ၏ ဖုံးကွယ်ထားခြင်းနှင့်ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအပါအဝင် ဂျပန် အစိုးရ ဌာနများအား ကန့်ကွက်ကြောင်း ဆန္ဒ ပြခဲ့သည်။

Tamaki Dennyက ဂျပန်၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့၏ ဆိုးရွားသော လုပ်ရပ်များသည် အိုကီနာဝါပြည်နယ်မှ ပြည်သူများအား စိတ်အနှောက်အယှက် ဖြစ်စေကြောင်း၊ အမျိုးသမီးများ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လျစ်လျူရှုသော အဆိုပါ အပြုအမူဆိုးများကို ခွင့်လွှတ်၍ မရကြောင်း ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလနှင့် ယခုနှစ် မေလပိုင်းက ဂျပန်နိုင်ငံ၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များသည် အိုကီနာဝါ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု နှစ်ရပ်ကို ယခုနှစ် ဇွန်လ လကုန်တွင် ဂျပန်မီဒီယာများက ထုတ်ဖော်ခဲ့သော်လည်း ဂျပန်အစိုးရကမူ သက်ဆိုင်ရာ အကြောင်းအရာများကို မကြေညာသည့်အပြင် အိုကီနာဝါ ပြည်နယ်အစိုးရအားလည်း အချိန်နှင့်တစ်ပြေးညီ အကြောင်းမကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။