ရှီကျင့်ဖိန်သည် ကာဂျစ်စတန်နိုင်ငံ သမ္မတ Japarov နှင့် တွေ့ဆုံ

(GMT+08:00)2024-07-04 11:31:08  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် Astana ၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ ကာဂျစ်စတန်နိုင်ငံ သမ္မတ Japarov နှင့်  တွေ့ဆုံခဲ့သည်။ 

ရှီကျင့်ဖိန်က နှစ်ဖက်တို့သည် “Belt and Road” အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစွာ အကောင်အထည်ဖော်ပြီး စီးပွားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ကာ အပြန်အလှန် ချိတ်ဆက်မှု အဆင့်ကို မြှင့်တင်၍ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

Japarov က လက်ရှိတွင် ကာဂျစ်စတန်-တရုတ် နိုင်ငံရေး ဆက်ဆံမှု မြင့်မားလာပြီး နှစ်နိုင်ငံ အစိုးရဌာနများ နီးကပ်စွာ ဆက်သွယ်ကာ ဒေသတွင်း အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာ၍ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း၊ ကမ္ဘာကြီး ရာစုနှစ် အပြောင်းအလဲကြီးများနှင့် ရင်ဆိုင်ရချိန်တွင် ကာဂျစ်စတန်-တရုတ် ဆက်ဆံရေးသည် အမြဲတမ်း ခိုင်မာခဲ့ပြီး နှစ်နိုင်ငံကြား နိုင်ငံရေး သဘောကွဲလွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အတားအဆီးများ လုံးဝမရှိကြောင်း ပြောကြားပါသည်။