ဂါဇာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အမေရိကန် ပါဝင်ပတ်သက်နေသည်ဟု ရာထူးမှနုတ်ထွက်သွားသော အမေရိကန်အစိုးရအရာရှိများ စုပေါင်းပြောဆို

(GMT+08:00)2024-07-04 16:36:19  

ဒေသစံတော်ချိန် ယခုလ ၂ရက်နေ့က အမေရိကန်အစိုးရအရာရှိဟောင်း၁၂ဦး၏ အိတ်ဖွင့်ပေးစာတစ်စောင်၌ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် အမေရိကန် အစိုးရ၏ မူဝါဒများကို ရှုတ်ချကြောင်း၊ ၎င်းတို့က အစ္စရေးစစ်ရေးလှုပ်ရှားမှုကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်း အရပ်သူအရပ်သား အမြောက်အများသေဆုံးခြင်းနှင့် ပြင်းထန်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်စေခြင်းပေါ် အမေရိကန်မှ “ငြင်းဆို၍မရသော ကြံရာပါ”ဖြစ်သည်ဟု ယူဆကြကြောင်း၊ အမေရိကန်၏ပေါ်လစီများက အရှေ့အလယ်ပိုင်းဒေသသို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပျက်ပြားစေရုံသာမကအမေရိကန် နိုင်ငံ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်ကာ အမေရိကန်၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အဆိုပါအရာရှိများသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အိမ်ဖြူတော်နှင့် အခြားသော အုပ်ချုပ်ရေးဌာနများနှင့် စစ်တပ်တို့မှ ဖြစ်ပြီး အမေရိကန် အစိုးရ၏ မူဝါဒများကို မကျေနပ်သောကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။