ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့ လွတ်လပ်ရေး နန်းတော်၌ ၂၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က "ခြံဝင်းငယ် နံရံမြင့်" ဖြစ်သည့် လက်တွေ့ အန္တရာယ်ကို ရင်ဆိုင်လျက် မိမိတို့သည် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ အကျိုးခံစားစေရေးကို စွဲကိုင်ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုကို ပူးတွဲ တွန်းအားပေးကာ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များ တည်ငြိမ် အဆင်ပြေခြင်းကို ထိန်းသိမ်း၍ ဒေသတွင်း စီးပွားရေး အတွင်းပိုင်း တွန်းအားကို ဖော်ထုတ်ပြီး ဘုံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ဖော်ဆောင်စေရန် အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။