ရှီကျင့်ဖိန်သည် ရွေးချယ်တင်မြှောက်ခံရသော ဥရောပကောင်စီ ဥက္ကဋ္ဌ ကော်စတာအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-07-04 11:37:26  

ဇူလိုင်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရွေးချယ်တင်မြှောက် ခံရသော ဥရောပကောင်စီ ဥက္ကဋ္ဌ ကော်စတာအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နိုင်ငံသည် ဥရောပကို ဗဟိုဝင်ရိုး ကမ္ဘာကြီး၏ အရေးကြီးအရာများမှ တစ်ခု အပါအဝင် အဖြစ် မြင်ထားပြီး တရုတ်နှင့် ဥရောပ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေး အတွက် ကြိုးပမ်းနေခဲ့ကြောင်း၊ မိမိသည် တရုတ်-ဥရောပ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး အဆွေတော် ဥက္ကဋ္ဌနှင့်အတူ တရုတ်-ဥရောပ မိတ်ဖက် ဆက်ဆံမှု ခိုင်ခံ့ခြင်းကို တွန်းအားပေးရန်၊ မဟာဗျူဟာ ကူးလူးဖလှယ်မှုကို နက်ရှိုင်းစေရန်၊ အပြန်အလှန် နားလည်မှုနှင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရန်၊ သဘောတူညီမှုများကို စုစည်းပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ဖော်ပြထားပါသည်။

  ယင်းနေ့၌ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည်လည်း ကော်စတာအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။