Uttar Pradesh ပြည်နယ် လူအုပ်တိုးဝှေ့နင်းမိမှုဖြစ်ပွားရာနေရာ၌ လူပေါင်း ၂သိန်းကျော် စုဝေးခဲ့သည်ဟု အိန္ဒိယမီဒီယာ ဆို

(GMT+08:00)2024-07-04 16:53:47  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ရက်နေ့က အိန္ဒိယ Trust သတင်းဌာနနှင့် နယူးဒေလီ ရုပ်မြင်သံကြားဌာနစသော အိန္ဒိယမီဒီယာများမှ သတင်းအရ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်၌ ၂ရက်နေ့ညနေပိုင်းက ကျင်းပခဲ့သော သာသနာရေးလှုပ်ရှားမှုသည် လူ ၈သောင်း တက်ရောက်ခြင်းကို ခွင့်ပြုရန် သက်ဆိုင်ရာသို့ လျှောက်ထားခဲ့ကြောင်း၊ ဒေသခံရဲဌာနနှင့် အုပ်ချုပ်ရေးဌာနတို့သည် စီစဉ်မှုကိုပြုလုပ်ခဲ့ကြောင်း၊ သို့သော် အမှန်တကယ် စုဝေးသူဦးရေ ၂သိန်းကျော်ရှိသည်ဟု မျက်မြင်သူများက ပြောဆိုကြောင်း သိရပါသည်။

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် စုဝေးပွဲတစ်ခုတွင် ၂ရက်နေ့က လူအုပ် တိုးဝှေ့နင်းမိမှု ပြင်းထွန်စွာဖြစ်ပွားခဲ့ပါသည်။ လက်ရှိအချိန်တွင် ယင်းအခင်းဖြစ်ပွားမှုကြောင့် လူ ၁၀၀ကျော် သေဆုံးခဲ့သည်ဟု ဒေသခံအစိုးရမှ အတည်ပြုခဲ့ပါသည်။