တရုတ်နိုင်ငံစန်းရှာရေလှောင်ကန်၏ ရေထုတ်နှုန်းကို ဆက်လက်လျှော့ချပြီး ရေ ကုဗမီတာပေါင်း ၃.၉ ဘီလီယံကို သိုလှောင်ထားသည်

(GMT+08:00)2024-07-04 17:11:12  

ဇူလိုင်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံစန်းရှာကုမ္ပဏီအုပ်စုမှ သတင်းအရ ယန်ဇီမြစ်လယ်နှင့် အောက်ပိုင်းရှိ ရေလွှမ်းမိုးမှုကို လျှော့ချရန်အတွက် စန်းရှာကုမ္ပဏီအုပ်စုသည် ယန်ဇီမြစ်ရေထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ခဲ့ပြီး ရေထုတ်နှုန်းကို တစ်စက္ကန့်လျှင် ၁၄၀၀၀ ကုဗမီတာအထိ တဖြည်းဖြည်းလျှော့ချခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ  စန်းရှာရေလှောင်ကန်သည် ရေကြီးရေလျှံမှုကာကွယ်ရန် ရေ ကုဗမီတာပေါင်း ၃.၉ ဘီလီယံ သိုလှောင်ထားသည်။