လက်ရှိ ကမ္ဘာ့နှစ်တစ်ရာပြောင်းလဲမှု အပြောင်းလဲကြီး ပြောင်းလဲလာနေပြီး လူ့အဖွဲ့အစည်း သည် သမိုင်းလမ်းဆုံတွင် နောက်ထပ်တစ်ကြိမ် ရောက်လာပြီ ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-07-04 16:32:56  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့ လွတ်လပ်ရေး နန်းတော်၌ ၂၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။    

    သမ္မတ ရှီကျင့်ဖိန် က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင် ခဲ့သည့် ၂၃ နှစ်အတွင်းတွင် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံအထိ တိုးများလာခဲ့ကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မိသားစုကြီးသည် တိုက်၃ခုမှ နိုင်ငံ ၂၆ နိုင်ငံ လွှမ်းခြုံထား ကြောင်း၊ မိတ်ဖက်နိုင်ငံ များသထက်များလာပြီး ပူးပေါင်းဆောင်ရွက်ရေးအခြေခံအုတ်မြစ် ပိုမိုခိုင်မာလာခဲ့ကြောင်း၊ လက်ရှိ ကမ္ဘာ့နှစ်တစ်ရာပြောင်းလဲမှု အပြောင်းလဲကြီး ပြောင်းလဲ လာနေပြီး လူ့အဖွဲ့အစည်းသည် သမိုင်းလမ်းဆုံတွင် နောက်ထပ်တစ်ကြိမ် ရောက်လာပြီ ဖြစ်ကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်နေပြီး တရားမျှတသောဘက်တွင် တည်ရှိနေကာ ကမ္ဘာကြီးအတွက် အလွန် အရေးပါကြောင်း ပြောကြားခဲ့ပါသည်။