ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဖြိုခွဲသိမ်းသွင်းခြင်းဆိုင်ရာ လက်တွေ့စိန်ခေါ်မှုများနှင့် ရင်ဆိုင် ရာတွင် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်မှု အင်အားများကို ပိုမိုခိုင်မာစေရသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-07-04 16:32:16  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့ လွတ်လပ်ရေး နန်းတော်၌ ၂၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။    

သမ္မတ ရှီကျင့်ဖိန် က ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဖြိုခွဲသိမ်းသွင်းခြင်းဆိုင်ရာ လက်တွေ့စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်မှု အင်အား များကို ပိုမိုခိုင်မာစေရကြောင်း၊ ပြင်ပဝင်ရောက်စွက်ဖက်မှုများကို ဟန့်တားရန် လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး အပြန်အလှန်ထောက်ခံအားပေးကာ တစ်ဦး၏ စိုးရိမ် ပူပန်မှုများကို တစ်ဦးက ဂရုစိုက်၍ ညီညွတ်ခြင်းကို အဖိုးတန်ဆုံးအရာအဖြစ်ထားပြီး အတွင်းပိုင်းသဘောကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တူညီမှုများကို စုစည်းပြီး သဘောကွဲလွဲမှုများကို ဘေးဖယ်ထားကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခက်အခဲများ ကို ရင်ဆိုင်ကျော်လွှားရကြောင်း၊ မိမိနိုင်ငံ၏ ရှေ့အလားအလာနှင့် ကံကြမ္မာ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကိုယ့်လက်ထဲတွင် ခိုင်ခိုင်မာမာဆုပ်ကိုင်ရကြောင်း ပြောကြားခဲ့ပါသည်။