ရှီကျင့်ဖိန်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ

(GMT+08:00)2024-07-04 11:02:42  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် Astana ၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။ 

ရှီကျင့်ဖိန်က တရုတ်နှင့် ရုရှားတို့သည် ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများနှင့် နိုင်ငံတကာ မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကို ဆက်လက် အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအား  BRICS ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်များ ကျေပွန်အောင် ထမ်းဆောင်ခြင်းကို ထောက်ခံအားပေးပြီး "ကမ္ဘာ့တောင်ဖက်ခြမ်း"ကို စည်းလုံးညီညွတ်စေကာ "စစ်အေးတိုက်ပွဲသစ်" ကို တားဆီး၍ တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများနှင့် ဗိုလ်ကျစိုးမိုးရေးဝါဒကို ဆန့်ကျင်ကြောင်း ပြောကြားပါသည်။ 

ပူတင်က လက်ရှိတွင် ရုရှား-တရုတ် ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်တွင် ရှိနေပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် ရိုသေလေးစားပြီး တန်းတူညီမျှ နှင့် အပြန်အလှန် အကျိုးရှိကာ ရုရှား-တရုတ်ဆက်ဆံရေးသည် ဘက်လိုက်မှု မရှိ၊တတိယဘက်ကို ရည်မှန်းထားခြင်း မရှိ၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း  ပြောကြားပါသည်။ 

နှစ်နိုင်ငံ ခေါင်းဆောင်များသည် နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် သမိုင်း၏ မှန်ကန်သည့်ဘက်တွင် အမြဲတမ်း ရပ်တည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြှင့်တင်ရန်စွဲကိုင်ကာ ယူကရိန်း အကျပ်အတည်းကဲ့သို့သော ဒေသတွင်း ရေးရာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။