ဥရောပသမဂ္ဂသည် ဒစ်ဂျစ်တယ်ဆယ်စုနှစ် မူဝါဒအစီအစဉ်တွင် သတ်မှတ်ထားသည့် ရည်မှန်းချက် များ အောင်မြင်ရန် ဝေးကွာနေသေးကြောင်း အစီရင်ခံစာက ဖော်ပြ

(GMT+08:00)2024-07-03 11:28:31  

ဒေသစံတော်ချိန် ဇူလိုင်လ၂ရက်နေ့က ဥရောပသမဂ္ဂသည် "ဒစ်ဂျစ်တယ် ဆယ်စုနှစ် အခြေအနေ အစီရင်ခံစာ"ကို ထုတ်ပြန်ပြီး ဥရောပသမဂ္ဂက ဒစ်ဂျစ်တယ်ဆယ်စုနှစ် မူဝါဒ အစီအစဉ် လက်တွေ့ အကောင်အထည်ဖော်ခြင်း အခြေအနေများကို ဖော်ပြခဲ့ သည်။

အစီရင်ခံစာအရ ဥရောပသမဂ္ဂသည် ဒစ်ဂျစ်တယ်ဆယ်စုနှစ် မူဝါဒအစီအစဉ်တွင် သတ်မှတ်ထားသည့် ရည်မှန်းချက်များ အောင်မြင်ရန် ဝေးကွာနေသေးကြောင်း၊ လက်ရှိအခြေအနေအရ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ၂၀၃၀ပြည့်နှစ်အတွက် သတ်မှတ်ထားသော ဒစ်ဂျစ်တယ် ရည်မှန်းချက်များ အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတော် အဆင့် ထပ်လောင်း ရင်းနှီး မြှုပ်နှံ မှု များ လိုအပ်ကြောင်း ဖော်ပြခဲ့ သည်ဟု သတင်းအရ သိရပါသည်။