ဒေသစံတော်ချိန် ဇူလိုင်လ ၁ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော “ယဉ်ကျေးမှုများကို ဆွေးနွေးခြင်း” ကုလသမဂ္ဂအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongက မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Xu Haoliangသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းအ ရ သိရှိရ သည်။
Shen Haixiongက ၇၈ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသည် တရုတ်နိုင်ငံမှ တင်ပြခဲ့သော ယဉ်ကျေးမှုများဆွေးနွေးခြင်း နိုင်ငံတကာနေ့ သတ်မှတ်ထားရန် ဆုံးဖြတ်ချက်ကို ညှိနှိုင်းပြီးအတည်ပြုခဲ့ကာ ဇွန်လ ၁၀ရက်နေ့ကို ယဉ်ကျေးမှုများဆွေးနွေးခြင်း နိုင်ငံတကာနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် သမ္မတ ရှီကျင့်ဖိန်မှ ဖော်ပြသော တစ်ကမ္ဘာလုံး ယဉ်ကျေးမှုဆိုင်ရာ အဆိုပြုချက်သည် နိုင်ငံတကာမိသားစုကြီးတွင် သဘောတူညီမှုများ ကျယ်ပြန့်စွာ ရရှိသည်ကို ပြသနေကြောင်း ပြောကြား ခဲ့ ပါသည်။