ကမ္ဘာကြီးက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ထပ်တဖန် အာရုံစိုက်လာပြန်ပါတယ်။ ကမ္ဘာပေါ်မှာ နယ်မြေအကျယ်ပြန့်ဆုံး၊ လူဦးရေအများဆုံး ဖြစ်တဲ့ ဒီဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းမှ နိုင်ငံ့ခေါင်းဆောင်တွေဟာ ကာဇက်စတန်နိုင်ငံမှာ ဆုံစည်းကြပြီး ဒေသတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အတူတကွဆွေးနွေးကြမှာ ဖြစ်ပါတယ်။ China Media Group CGTN က တစ်ကမ္ဘာလုံးမှ အင်တာနက်အသုံးပြုသူများကို ဦးတည်ပြီး ကောက်ယူထားတဲ့ ပြည်သူ့စစ်တမ်းမှာ ပါဝင်ဖြေဆိုသူများက “နှစ်ပေါင်း ၂၀ ကျော်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးတဲ့နောက်မှာ SCO အဖွဲ့ဟာ ဒေသတွင်းရဲ့ လုံခြုံရေးအကာအကွယ်၊ ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတား၊ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြုသဘောဆောင်တဲ့ အင်အားစုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်” လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါတယ်။
ဥရောပ၊ အာရှဒေသနဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးရဲ့ အပြုသဘောဆောင်တဲ့ အင်အားစုဖြစ်တဲ့ SCO အဖွဲ့ဟာ “အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှု၊ တိုင်ပင်ဆွေးနွေးမှု၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုများကို လေးစားမှု၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို လိုက်စားမှု” စတဲ့ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်” ကို အမြဲတစေ လိုက်နာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အဖော်ပြုပြီး မဟာမိတ်မဖွဲ့တဲ့၊ တွေ့ဆုံဆွေးနွေးမှုရှိပြီး ထိပ်တိုက်တွေ့ဆုံခြင်းမရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသစ်ကို ဖန်တီးခဲ့ပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူ ၉၂.၇% က “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်” ဆိုင်ရာ အယူအဆများကို များစွာ အသိအမှတ်ပြုကြပြီး “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်” ဟာ နိုင်ငံတကာဆက်ဆံရေးပုံစံသစ် တည်ဆောက်ရေးကို တွန်းအားပေးတဲ့ စံနမူနာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၈၃.၉% က SCO အဖွဲ့မှာ တရုတ်နိုင်ငံရဲ့ အကျိုးသက်ရောက် လွှမ်းမိုးမှုကို အသိအမှတ်ပြုကြပြီး SCO အဖွဲ့ရဲ့ ယန္တရားတည်ဆောက်မှုကို တရုတ်နိုင်ငံက တက်တက်ကြွကြွ မြှင့်တင်လုပ်ဆောင်ခြင်း၊ “Belt and Road” အဆိုပြုချက် အပါအဝင် အများပြည်သူကိုအကျိုးပြုတဲ့ နိုင်ငံတကာဆိုင်ရာPublic Goods ပံ့ပိုးပေးခြင်း တို့အပေါ် ချီးကျူးခဲ့ကြပါတယ်။ SCO အဖွဲ့က ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုမှာ ပိုမိုအရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လာရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် တက်တက်ကြွကြွ ထုတ်ဖော်ပြောကြားရန်၊ တရားမျှတမှုနဲ့ ကျိုးကြောင်းဆီလျော်မှု ပိုမိုရှိတဲ့ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှုကို တွန်းအားပေးလုပ်ဆောင်ရန် ဖြေဆိုသူ ၈၂.၈% က မျှော်လင့်နေပါတယ်။
ဒီစစ်တမ်းကို CGTN ရဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ်၊ ရုရှား ဘာသာစကား ပလက်ဖောင်းများမှတစ်ဆင့် ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၁၃၅၂၇ ဦး ပါဝင်မဲပေးကာ သဘောထားအမြင်များ ဖော်ပြခဲ့ကြပါတယ်။