ထိုင်ဝမ်မင်ကျင့်တန်ပါတီ နိုင်ငံရေးသမားများသည် ပြည်သူလူထုအား တမင်သက်သက် ခြိမ်းခြောက်ပြီး ပြည်သူ့ဆန္ဒကို ပြန်ပေးဆွဲသည်ဟု တရုတ်နိုင်ငံတော် ကောင်စီထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2024-07-03 13:03:30  

တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Chen Binhua သည် ဇူလိုင်လ ၂ ရက်နေ့က ဘေကျင်းမြို့တွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တယူသန်သော ထိုင်ဝမ်သီးခြားတည်ရှိရေးသမားများ၏ တိုင်းပြည် သွေးခွဲမှုနှင့် တိုင်းပြည် သွေးကွဲအောင် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုများကို ဥပဒေအရ အရေးယူခြင်းမှာ တရားနည်းလမ်းကျပြီး တရားဝင် ဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ပြီး ထိုင်ဝမ်သီးခြားတည်ရှိမှု သွေးခွဲရေး အင်အားမှ မည်သည့်အမည်ဖြင့်မဆို၊ မည်သည့်နည်းလမ်းဖြင့်မဆို ထိုင်ဝမ်ဒေသကို တရုတ် နိုင်ငံမှ ခွဲထွက်စေရန် လုံးဝ ခွင့်မပြုကြောင်း၊ ထိုင်ဝမ်သီးခြားတည်ရှိမှု သွေးခွဲရေး ပြစ်မှုကျူးလွန်မှုများကို ဥပဒေအရ အရေးယူမှသာ ထိုင်ဝမ်ရေလက်ကြား ၏ ငြိမ်းချမ်း တည်ငြိမ် ရေးကို အမှန်တကယ် ကာကွယ်ထိန်းသိမ်းနိုင်ပြီး ထိုင်ဝမ်မွေးချင်း ပေါက်ဖော် များ၏ အကျိုး စီးပွားများကို ထိရောက်စွာ အာမခံပေး နိုင်ကြောင်း၊ ဥပဒေကို ချိုးဖောက်သည့် တယူသန်သော ထိုင်ဝမ်သီးခြားတည်ရှိရေး သမားများ မည်သည့်နေရာတွင် ရှိစေကာမူ နိုင်ငံတော်ဥပဒေစိုးမိုးရေးနှင့် တရားရေး ဌာနများသည် ၄င်းတို့အား ဆုံးခန်းတိုင်အောင် စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ပြည်မကြီးသည် တယူသန်သော ထိုင်ဝမ် သီးခြားတည်ရှိရေးသမားများအား ဥပဒေအရအရေးယူရေးဆိုင်ရာ စာရွက်စာတမ်းများ ထုတ်ပြန်ကျင့်သုံးခြင်းမှာ ထိုင်ဝမ်မွေးချင်းပေါက်ဖော် များကို ရည်ညွှန်ခြင်း မဟုတ်ကြောင်း၊ ထိုင်ဝမ်မင်ကျင့်တန်ပါတီ နိုင်ငံရေးသမားများသည် ထိုင်ဝမ်ပြည်သူလူထုကို တယူသန်သော ထိုင်ဝမ်သီးခြားတည်ရှိရေးသမားများနှင့် ရောထွေးအောင် ပြောဆိုပြီး ပြည်သူလူထုအား ခြိမ်းခြောက်ကာ ပြည်သူ့ဆန္ဒကို ပြန်ပေးဆွဲရန် ကြံစည်၍ ထိုင်ဝမ်ပြည်သူလူထုအတွက် ဟူခြင်းကို အကြောင်းပြပြီး ရည်ရွယ်ချက်မှာ အလွန်ဆိုးဝါးကြောင်း ပြောကြားခဲ့ပါသည်။