ဇူလိုင်လ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Chen Xiaodong နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theresa P. Lazaro တို့ သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တောင်ပင်လယ်ပြဿနာဆိုင်ရာ တရုတ်-ဖိလစ်ပိုင် စေ့စပ်ဆွေးနွေးရေးစနစ် (BCM) နဝမအကြိမ်အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပ ခဲ့ကြပါသည်။
နှစ်ဦးနှစ်ဖက်တို့သည် တောင်ပင်လယ်အခြေအနေ အထူးသဖြင့် Ren'ai Reef အခြေအနေ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ၊ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ တရုတ်နိုင်ငံသည် Ren'ai Reef အပါအဝင် နန်းဆား ကျွန်းစုနှင့် အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းအတွက် အချုပ်အခြာအာဏာပိုင်ခွင့်ရှိပြီး သက်ဆိုင် ရာ ပင်လယ်ရပ်ဝန်းအတွက် အချုပ်အခြာအာဏာပိုင်ခွင့်နှင့် စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသည်ဟု ထပ် လောင်း အတည်ပြုပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအား ပင်လယ်ပြင်တွင် ကျူးကျော် ထိပါးမှုနှင့် ရန်စမှုလုပ်ရပ်များကို ချက်ချင်းရပ်စဲပြီး တောင်ပင်လယ်ဆိုင်ရာ ဘက် အသီးသီးတို့၏ ဆောင်ရွက်ချက်ကြေညာစာတမ်းပါ သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ကာ ဆွေးနွေးပွဲကျင်းပခြင်းဖြင့် သဘောကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန်၊ တရုတ် နိုင်ငံနှင့်အတူ Ren'ai Reef အခြေအနေကို ကောင်းမွန်စွာထိန်းချုပ်ပြီး ပင်လယ်ပြင် အခြေအနေ လျော့ပါးလာစေကာ တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေး ကျဆင်းမှုမှ ပုံမှန်ပြန်ဖြစ် စေရန် တွန်းအားပေးဖို့ တိုက်တွန်းခဲ့ပါသည်။
တောင်ပင်လယ်ပြဿနာဆိုင်ရာ တရုတ်-ဖိလစ်ပိုင် စေ့စပ်ဆွေးနွေးရေးစနစ် နဝမ အကြိမ် အစည်းအဝေး ကျင်းပ
(GMT+08:00)2024-07-03 13:04:02