လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် အတားအဆီးများကို စုံစမ်းရန်နှင့် ဂါဇာတွင် တိုက်ခိုက်မှုများ ချက်ချင်းရပ်စဲရန် တရုတ်နိုင်ငံ ပန်ကြား

(GMT+08:00)2024-07-03 13:02:15  

ဇူလိုင်လ ၂ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဂါဇာဒေသအခြေအနေ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၇၂၀ အကြောင်း အရာ များကို အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေအနေနှင့်ပတ်သက်ပြီး အစည်း အဝေးကို ကျင်းပခဲ့သည်။ ဂါဇာဒေသ လူသားချင်းစာနာမှုနှင့် ပြန်လည် တည် ဆောက်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး Kaag သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အထက်ပါအကြောင်းအရာများကို ရှင်းလင်း မိတ်ဆက်ပေးခဲ့ပါသည်။ တရုတ် နိုင်ငံ ကိုယ်စား လှယ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရခြင်းအကြောင်းရင်းများကို စုံစမ်းစစ်ဆေးသင့်ကြောင်း၊ ဂါဇာတွင် တိုက်ခိုက် မှုများကို ချက်ချင်းရပ်စဲရန် ပန်ကြားကြောင်း ပြောကြားခဲ့သည်။