အိန္ဒိယနိုင်ငံUttar Pradesh ပြည်နယ်တွင် လူအုပ်ကြီး တိုးဝှေ့နင်းမိမှုကြောင့် လူပေါင်း ၁၃၀ သေဆုံးပြီး ၎င်းကို စုံစမ်းစစ်ဆေးရန် အထူးကော်မတီကို ဖွဲ့စည်းခဲ့

(GMT+08:00)2024-07-03 13:01:09  

ဒေသစံတော်ချိန် ဇူလိုင်လ ၂ရက်နေ့က အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်သည် ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ထိုနေ့ညနေပိုင်းက ၎င်းပြည်နယ်၌ သာသနာ ရေး လှုပ်ရှားမှု တစ်ခုတွင် လူအုပ်ကြီး တိုးဝှေ့နင်းမိမှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးရန် အထူးကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ ယခုအကြိမ် လူအုပ်ကြီး တိုးဝှေ့နင်းမိမှုကြောင့် လူ ပေါင်း၁၃၀သေဆုံးပြီး လူပေါင်း များစွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရှိရပါသည်။