“ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ” တတိယအပိုင်း (ကာဇက်စတန်ဘာသာ)ကို ကာဇက်စတန်တွင် စတင်ထုတ်လွှင့်ပြသ

(GMT+08:00)2024-07-03 13:03:01  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၂၄ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ပြီး ကာဇက်စတန် နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်သည့် အခါသမယတွင် China Media Group မှ ထုတ်လုပ်သော “ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ” တတိယအပိုင်း (ကာဇက်စတန်ဘာသာ) ထုတ်လွှင့်ပြသပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့က Astana တွင် ကျင်းပခဲ့ပါသည်။ ကာဇက်စတန်သမ္မတ တိုကာယဲ့ဖှ်က အဆိုပါ အစီအစဉ် ထုတ်လွှင့်မှုအပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက  “ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ” တတိယအပိုင်း (ကာဇက်စတန်ဘာသာ)သည် သမ္မတရှီကျင့်ဖိန်၏ ကျယ်ပြောလှပြီး လေးနက်သော ယဉ်ကျေးမှု အရည်အသွေးကို ကွက်ကွက်ကွင်းကွင်း ပြသပြီး တရုတ်ယဉ်ကျေးမှု၏ ထူးခြားသော ဝိညာဉ်ဝိသေသ လက္ခဏာ၊ ခေတ်သစ်အဓိပ္ပာယ်နှင့် ကမ္ဘာလုံး ဆိုင်ရာ တန်ဖိုးများကို ရှင်းလင်းပြသထားသည်ဟု ပြောကြားခဲ့ပါသည်။