ရှီကျင့်ဖိန်သည် ကာဇက်စတန် သမ္မတ Tokayev နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-07-03 15:32:35  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် Astana မြို့ရှိ သမ္မတအိမ်တော်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ သမ္မတ Tokayev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က  နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံသည် တရုတ်-ကာဇက်စတန် ချစ်ကြည်ရေးကို ထိန်းသိမ်းထားမည်ဆိုသည့် မူရင်းစိတ်မှာ မယိမ်းမယိုင်ဘဲ ရှိနေပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန် ဇွဲမလျှော့ဘဲ အမြုတေကျသော အကျိုးစီးပွားများဆိုင်ရာ အပြန်အလှန် ကူညီ ထောက်ခံရန်  သန္နိဋ္ဌာန်များသည် ပြောင်းလဲမည် မဟုတ်ကြောင်း၊  မိမိသည် အဆွေတော် နှင့်အတူ ပိုမို အဓိပ္ပာယ်နက်ရှိုင်းပြီး ရှင်သန်မှုပြည့်နှက်သော တရုတ်-ကာဇက်စတန် ကံကြမ္မာတူ အသိုက် အဝန်းကို အတူ တကွ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ သည်။