တရုတ်-ကာဇက်စတန် ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုကို ကျင်းပ

(GMT+08:00)2024-07-03 11:29:29  

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၄ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး ကာဇက်စတန် နိုင်ငံသို့ ခရီးလှည့်လည် နေသည့် အခါသမယတွင် ဇူလိုင်လ ၂ရက်နေ့က China Media Groupသည် အာစတာနာ မြို့တွင် "တောတောင် ရေမြေ ဆက်စပ်ပြီး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း" ခေါင်းစဉ်ဖြစ်သော တရုတ်-ကာဇက်စတန် ယဉ်ကျေးမှု ဖလှယ် ရေး လှုပ်ရှားမှုကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ကာဇက်စတန်သမ္မတမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး လှုပ်ရှားမှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ဧည့်သည်တော်များကိုလည်း ဆုမွန်ကောင်း တောင်းပေးပါသည်။ ကာဇက်စတန်မှ နိုင်ငံရေးနှင့်စီးပွားရေးကိုယ်စာလှယ်များ၊ မီဒီယာနှင့် သုတေသနနယ်ပယ်မှ ရာနှင့် ချီသော ပုဂ္ဂိုလ်များက အထက်ပါ လှုပ်ရှားမှုသို့ တက်ရောက်ကြပြီး သက်ဆိုင် ရာ နယ်ပယ်များတွင် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများစွာရရှိကာ တရုတ်- ကာဇက်စတန် ပူးတွဲရိုက်ကူးသော "ဘုံအိပ်မက်များ"မှတ်တမ်းကား စတင်ထုတ်လွှင့် ခဲ့ကြောင်း သတင်းအရ သိရပါသည်။