ရှီကျင့်ဖိန်၏ အလယ်အာရှ ခရီးစဉ် စတင်၊ ဘက်သုံးဖက်မှနေ "ယနေ့ခေတ် အဖြေ"ကို လေ့လာကြရအောင်

(GMT+08:00)2024-07-03 15:18:41  

ဒေသစံတော်ချိန် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် ကာဇက်စတန်နိုင်ငံ အာစတာနာမြို့တော်သို့ ရောက်ရှိပြီး ၎င်း၏ ပဉ္စမမြောက် ကာဇက်စတန် ခရီးစဉ်ကို စတင်ခဲ့ပါသည်။

ကာဇက်စတန် သမ္မတ Tokayev သည် သမ္မတ ရှီကျင့်ဖိန်အတွက် ခမ်းနားသိုက်မြိုက်သော ဧည့်ကြိုပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

တရုတ်နှင့် ကာဇက်စတန် နှစ်နိုင်ငံ ဆက်ဆံမှု အလွန် ကောင်းမွန်ပြီး သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Tokayev တို့သည် ၆ ကြိမ်တိုင်တိုင် ရှေ့ဆင့်နောက်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် Tokayev သည် ကာဇက်စတန် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီးနောက် ရှီကျင့်ဖိန်သည် အမြန်ဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ သုံးရက်ကြာ ပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဘီရှ်ကက် ထိပ်သီးအစည်းအဝေးတွင် ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သုံးလကြာပြီးနောက် သမ္မတ Tokayev သည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံ အကြား ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းဆက်ဆံရေးသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် တစ်ခုတည်းသော နိုင်ငံခြားဆက်ဆံရေးပင် ဖြစ်သည်။

ယခုနှစ်သည် တရုတ်နှင့် ကာဇက်စတန်တို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ ကာဇက်စတန် မီဒီယာတွင် ဖော်ပြထားသော ဆောင်းပါးတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကာဇက်စတန် ဆက်ဆံရေးသည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးမှ မဟာဗျူဟာမြောက် ဆက်ဆံရေးသို့၊ ဆက်လက်ပြီး ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ ဆက်တိုက် တိုးမြင့်လာပြီး တစ်ခုတည်းသော နှစ်နိုင်ငံချင်း ဆက်ဆံမှုကို ထူထောင်နိုင်ခဲ့ကြောင်း ရေးသား ဖော်ပြခဲ့ပါသည်။

ယခုအကြိမ် ခရီးစဉ်အတွင်းလည်း နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ပူးတွဲကြေညာချက်ကို ထုတ်ပြန်မည် ဖြစ်ပြီး တရုတ်နှင့် ကာဇက်စတန်အကြား ဘိုးစဉ်မြေးဆက် ချစ်ခင်ရင်းနှီးသော၊ မြင့်မားစွာ အပြန်အလှန် ယုံကြည်ရေးထားရှိသော၊ အေးအတူ ပူအမျှ ဖြစ်သော ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေး ရည်မှန်းချက် ဖော်ဆောင်ရန်အတွက် ကြိုးပမ်းမည်ဟု ကြေညာသွားမည် ဖြစ်ပါသည်။

သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန် ခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့ပြီးနောက် ရှီကျင့်ဖိန်၏ ပထမဆုံးအကြိမ် အလယ်အာရှနိုင်ငံများ ခရီးစဉ်ပင် ဖြစ်ပါသည်။ ရှီကျင့်ဖိန်သည် အလယ်အာရှနိုင်ငံ ခေါင်းဆောင်များနှင့်အတူ နှစ်ဖက်အကြား ဆက်ဆံမှု တိုးတက်ရေး အစီအမံသစ်များကို ရေးဆွဲသွားမည် ဖြစ်ပြီး ပိုမို ခင်မင်ရင်းနှီးသော တရုတ်နှင့် အလယ်အာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအား ပေးသွားမည် ဖြစ်ပါသည်။

ယခုအကြိမ် ခရီးစဉ် အတွင်း ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ပြီး ပိုမို ရင်းနှီးသော ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးသွားမည် ဖြစ်သည်။

ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် ဒေသတွင်းဆိုင်ရာ မျှော်မှန်းချက်များ၊ ပြည်သူများ၏ မျှော်လင့်ချက်များကို ထမ်းရွက်နေပြီး လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်း တွန်းအားပေးရေး ဖြစ်သည့် "ယနေ့ခေတ် အဖြေ" အတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။