ရှီကျင့်ဖိန်သည် ကာဇက်စတန် သမ္မတအိမ်တော်သို့ ရောက်ရှိပြီး ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-07-03 15:31:41  

 ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည်  Astana မြို့ရှိ သမ္မတအိမ်တော်၌ ကာဇက်စတန်နိုင်ငံ သမ္မတ Tokayevက ကျင်းပသည့် ခမ်းနားသော ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်လိုက်ပါလာသည့် မော်တော်ယာဉ်တန်းများ ကာဇက်စတန်နိုင်ငံ သမ္မတ အိမ်တော်သို့ ရောက်ရှိချိန်တွင် ကာဇက်စတန် လေတပ်မှ တိုက်လေယာဉ် ၆ စင်း ဟာ သမ္မတ အိမ်တော်ပေါ်မှ ကောင်းကင်ယံကို ပျံသန်းပြီး တရုတ်အလံတော်ကို ကိုယ်စားပြုသော အနီရောင်နှင့် အဝါရောင် မီးခိုးငွေ့များ ထုတ်ကာ  သမ္မတ ရှီကျင့်ဖိန်ကို ကြိုဆိုခဲ့ကြသည်။