ရှီကျင့်ဖိန်သည် ၂၄ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်ရန်နှင့် ကာဇက်စတန်နှင့် တာဂျစ် ကစ္စတန် နိုင်ငံတွင် ခရီးလှည့်လည်ရန် ဘေကျင်းမှ ထွက်ခွာ

(GMT+08:00)2024-07-02 16:33:29  

ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန်၊ ကာဇက်စတန် သမ္မတ Tokayevနှင့် တာဂျစ်ကစ္စတန်သမ္မတRahmonတို့၏ ဖိတ်ကြားချက်အရ အဆိုပါ နှစ်နိုင်ငံတွင် ခရီးလှည့်လည်ရန် အထူးလေယာဉ်ဖြင့် ဘေကျင်းမှ ထွက်ခွာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ ပါတီဗဟိုကော်မတီရုံးဥက္ကဋ္ဌ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံ ရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့လည်း လိုက်ပါ သွားကြောင်း သိရပါသည်။