သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန် ယွီကျန့်ဟွာသည် ပနားမားနိုင်ငံ သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2024-07-02 16:34:20  

ဇူလိုင်လ ၁ရက်နေ့တွင် ပနားမားအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ အကောက်ခွန်ဌာနချုပ် ခေါင်းဆောင် ယွီကျန့်ဟွာသည် ဇူလိုင်လ ၁ရက်နေ့တွင် ပနားမားနိုင်ငံ မြို့တော် ပနားမား၌ ကျင်းပသော သမ္မတ Mulino ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ Mullino သည် အခမ်းအနားကျင်းပချိန်အတွင်း ယွီကျန့်ဟွာနှင့် တွေ့ဆုံခဲ့ပါသည်။

ယွီကျန့်ဟွာက သမ္မတရှီကျင့်ဖိန်၏ နွေးထွေးသော ဂုဏ်ပြုမှုနှင့် ဆုမွန်ကောင်းတောင်းမှုကို တစ်ဆင့် ပို့ဆောင်ပေးခဲ့ပြီး တရုတ်နှင့် ပနားမား သံတမန်ဆက်ဆံရေးထားရှိခြင်း ၇နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် လျှင်မြန်စွာ တိုးတက်ကာ အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပနားမားနိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေကာ တရုတ်-ပနားမားဆက်ဆံရေး စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုး ပြုသွားရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

Mulino က ပနားမားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အလွန်အလေးထားပြီး တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေကာ ပနားမား-တရုတ် ဆက်ဆံရေးကို ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။