တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေး ဘေကျင်း ကြေညာစာတမ်းကို ထုတ်ပြန်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြား

(GMT+08:00)2024-07-02 16:34:46  

ဇူလိုင်လ ၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

မော်နင်က ဇွန်လ ၂၈ ရက်နေ့တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးကို ဘေကျင်း၌ ခမ်းနားစွာ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အစည်းအဝေးကို ကြီးမှူးကျင်းပသူအနေဖြင့် အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေး ဘေကျင်း ကြေညာစာတမ်းကို ထုတ်ပြန်ပြီး အစည်းအဝေးသို့ တက်ရောက်ကြသည့် ဘက်အသီးသီးတို့၏ အရေးကြီးသော အမြင် သ ဘော ထားများကို ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့ သည်။

အစည်းအဝေးသို့ တက်ရောက်ကြသည် ဘက်အသီးသီးတို့က ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့ခြင်းသည် သမိုင်းဝင် အရေး ကြီးသည့် အဓိပ္ပာယ် ပါရှိကြောင်း၊ လွန်ခဲ့သည့် နှစ် ၇၀ အတွင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်သည် အာရှ ဉာဏ်ပညာအဖြစ် ပွင့်လင်း မြင်သာ၊ ဘက်ပေါင်းစုံ ပါဝင်သည့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော နိုင်ငံ တကာ ဆက်ဆံရေး အခြေခံမူနှင့် နိုင်ငံတကာ ဥပဒေ အခြေခံမူအဖြစ် မြင့်တက် လာ ကာ လူသားများ၏ တိုးတက် ရေး လုပ်ငန်းအတွက် သမိုင်းဝင် အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ယူဆကြသည်။

တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ အထိမ်းအမှတ် အခမ်းအနားတွင် ရရှိခဲ့သည့် ကျယ်ပြန့်သော သဘောတူညီမှုများကို အကောင်အထည် ဖော်ဆောင်ရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်ကို ထွန်းကားစေရန်၊ လူသားချင်း ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန်နှင့် ပိုမိုကောင်းမွန်သော လူမှု အနာဂတ်ကို ဖန်တီးရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ဖော်ပြထားသည်။