ဗီယက်နမ်၌ ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂၂ ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-07-02 16:36:38  

ဒေသစံတော်ချိန် ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက ဗီယက်နမ်နိုင်ငံ Lam Dong ပြည်နယ်မှ Den Nong ပြည်နယ်သို့ မောင်းနှင်သွားသော ဘတ်စ်ကားတစ်စီး တိမ်းမှောက် ခဲ့ပြီး လူ ၂၂ ဦး ဒဏ်ရာရရှိကာ၊ ၎င်းထဲမှ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၄၈ ဦး ပါရှိကြောင်း သတင်းအရသိရပါသည်။