တရုတ်-ကာဇာတ်စတန် ဆက်ဆံရေးနှင့် တရုတ်-တာဂျီကစ္စတန် ဆက်ဆံရေး၏ ကောင်းမွန် စွာ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်ကို ထိန်းသိမ်းထားသည်ဟု တရုတ်ဆို

(GMT+08:00)2024-07-02 16:36:12  

ယခုလ ၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖိန်၏ ယခု အကြိမ် ကာဇာတ်စတန် ခရီးစဉ်သည် ၄င်း၏ ပဉ္စမ အကြိမ် ကာဇာတ်စတန် ခရီးစဉ် ဖြစ်ကြောင်း၊ ခရီးစဉ် အတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Tokayevနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ အဓိက လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု များ၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်မည် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်- ကာဇာတ်စတန် ဆက်ဆံရေး၏ အရည်အသွေးနှင့် အဆင့်အတန်းကို တိုးမြှင့်ရန် တစ်ဆင့်တိုး တွန်းအားပေးပြီး နှစ်နိုင်ငံတို့ Belt and Road အရည်အသွေးမြင့် အတူ တည်ဆောက်ရေး၏ ပူးပေါင်းဆောင်ရွက်မှု အနှစ်သာရများကို တိုးပွားစေကာ နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းသာသုခကို တစ်ဆင့်တိုးပွားစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်၏ တာဂျီကစ္စတန် ခရီးစဉ်နှင့် ပတ်သက်၍ မော်နင်က တာဂျီကစ္စတန် ခရီးစဉ် အတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Rahmonနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ အဓိက လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် တာဂျီကစ္စတန် နိုင်ငံနှင့် အတူ ယခု အကြိမ် ခရီးစဉ်ကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး နိုင်ငံ‌ရေး အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုး ခိုင်မာစေကာ Belt and Road အရည်အသွေးမြင့် အတူ တည်ဆောက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေ၍ နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကောင်းသော တွန်းအားသစ်များကို ဖော်ဆောင်ပေးပြီး တရုတ်-တာဂျီကစ္စတန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို အဆင့်သစ်များသို့ ဆက်တိုက် ရောက်ရှိ နိုင်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။