ရှီကျင့်ဖိန်သည် Astana သို့ ရောက်ရှိ

(GMT+08:00)2024-07-02 16:40:03  

ဒေသစံတော်ချိန် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၄ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်ရန်နှင့် ကာဇက်စတန်နှင့် တာဂျစ် ကစ္စတန် နိုင်ငံတွင် ခရီးလှည့်လည်ရန် Astana သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန်၏ အထူးလေယာဉ်သည် ကာဇက်စတန်၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာချိန်တွင်ကာဇက်စတန် တိုက်လေယာဉ် ၂ စင်း ကောင်းကင်သို့ ပျံတက်လာကာ ကာကွယ်ပေးခဲ့ကြောင်း သိရှိရသည်။