တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအား ပူးပေါင်းတိုက်ဖျက်ကြမည်

(GMT+08:00)2024-07-02 16:37:35  

ဇူလိုင်လ ၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်သည် ဖိလစ်ပိုင်နိုင်ငံ  အစိုးရ အရာရှိများ ဆိုင်ရာ အတွင်းရေးမှူး၊ စည်းရုံးမှု ရှိသော ရာဇဝတ်မှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ Besaminနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့ သည် နှစ်နိုင်ငံ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများမှ မကြာမီက ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ဆက်သွယ်ရေး လိမ်လည်မှု၊ လူကုန်ကူးမှုစသည့် ဆိုးရွားသော ရာဇဝတ်မှုများကို ပူးတွဲ တိုက်ဖျက်ရေး ဆိုင်ရာ တိုးတက်မှု အခြေအနေကို ပြန်လည်သုံးသပ်ပြီး ယခုရက်များအတွင်း အဓိကမှုခင်းများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ နှစ်ဖက်တို့သည် တရုတ်-ဖိလစ်ပိုင် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ပြီး နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ကာ နှစ်နိုင်ငံပြည်သူများ၏ အသက်နှင့် ပစ္စည်းဥစ္စာ လုံခြုံမှုကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်ရန် သဘောတူခဲ့ကြသည်ဟု သတင်းအရသိရပါသည်။