ယခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာသို့ ဟာ့ဂ်ျပွဲတော် အတွင်း အင်ဒိုနီးရှား နိုင်ငံသား ၃၃၆ဦး သေဆုံးခဲ့

(GMT+08:00)2024-07-02 16:37:06  

အင်ဒိုနီးရှား ဘာသာရေး ရေးရာ ဝန်ကြီးဌာနမှ ဒေသ စံတော်ချိန် ယခုလ ၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် သတင်းအရ ယခုနှစ် ဆော်ဒီအာရေဗျ နိုင်ငံ ဟာ့ဂ်ျပွဲတော်တွင် အင်ဒိုနီးရှား နိုင်ငံသား ၃၃၆ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။

မကြခင် ရက်များတွင် ဆော်ဒီအရေဗျ နိုင်ငံ၌ အလွန် ပြင်းထန်သော အပူလှိုင်းကို ကြုံတွေ့နေရပါသည်။ ယခုနှစ်တွင် အစ္စလာမ်ဘာသာဝင် ၁သန်း၈သိန်းကျော်သည် ဟာ့ဂ်ျပွဲတော်သို့ သွားရောက်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာတွင် စုဝေးခဲ့ ကြကြောင်း၊ ယင်းအနက် ၁သန်း၆သိန်းသည် အခြားနိုင်ငံနှင့် ဒေသများမှ လာရောက်ခြင်း ဖြစ်ကြောင်း ဆော်ဒီ အာရေဗျ အစိုးရမှ စာရင်းအရ သိရပါသည်။