ဟန်ဂေရီသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ သဘာပတိ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်

(GMT+08:00)2024-07-02 16:38:00  

ဟန်ဂေရီသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ သဘာပတိ နိုင်ငံအဖြစ် ဇူလိုင်လ ၁ရက်နေ့ကစပြီး ၆လကြာတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်တွင် ဟန်ဂေရီသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ သဘာပတိ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်မည့် ကာလအတွင်း ၎င်း၏ဆောင်ပုဒ်ကို ထုတ်ဖော်ခဲ့ပြီး ယင်းဆောင်ပုဒ်မှာ "ဥရောပကို တစ်ဖန် ကြီးမြတ်စေပါ" ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

မကြာခင်က ဟန်ဂေရီနိုင်ငံမှ ဥရောပသမဂ္ဂရေးရာဝန်ကြီးပိုခို၏ မိတ်ဆက်မှုအရ ဟန်ဂေရီသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ သဘာပတိ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်မည့် ကာလအတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်း(၇)ရပ်ကို သတ်မှတ်မည်ဖြစ်ကြောင်း၊ ယင်းတွင် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ရေး၊ ဥရောပကာကွယ်ရေးမူဝါဒ အားကောင်းစေရေး၊ ဥရောပသမဂ္ဂတိုးချဲ့ရေး၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ကန့်သတ်ရေး၊ ဥရောပသမဂ္ဂစည်းလုံးညီညွတ်ရေး၊ ဥရောပ၏ လူဦးရေဆိုင်ရာစိန်ခေါ်မှုများရင်ဆိုင်ဖြေရှင်းရေးနှင့် လယ်သမားများကို အာရုံစူးစိုက်သော ဥရောပသမဂ္ဂ စိုက်ပျိုးရေး မူဝါဒပြဋ္ဌာန်းရေးတို့ ပါဝင်ကြောင်း သတင်းအရ သိရပါသည်။