ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ အာစတာနာ မြို့ အာဇာဘာယဲ့ဗ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မိန့်ခွန်းထုတ်ပြန်

(GMT+08:00)2024-07-02 17:27:22  

   ဇူလိုင်လ ၂ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ အာစတာနာ မြို့ အာဇာဘာယဲ့ဗ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး မိန့်ခွန်း ထုတ်ပြန်ခဲ့သည်။

   ရှီကျင့်ဖိန်က တရုတ်နှင့် ကာဇက်စတန် နှစ်နိုင်ငံတို့သည် သမိုင်း အစဉ်အလာ ရှည်လျား ပါကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၃၂ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် ခေတ်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ၏ စမ်းသပ်မှု ခံနိုင်ခဲ့ပြီး တစ်ခုတည်းသော ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို ထားရှိခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် ဘိုးစဉ်မြေးဆက် ကြာရှည် ခိုင်ခံ့သော ချစ်ကြည်ရေး ထားရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံအကြား အေးအတူပူအမျှ၊ အပြန်အလှန် အကျိုးရှိစေသော အပြန်အလှန် ဖေးမထောက်ခံသော ဆက်ဆံရေး စံနမူနာ ကို ထူထောင် နိုင်ခဲ့ကြောင်း၊ မိမိသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အာစတာနာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး ဘက်အသီးသီးတို့နှင့် အတူ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့၏ အနာဂတ်ရေးကို ဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းများကို အတူတိုင်ပင်ရန်၊ ယင်းအရေးကြီး နိုင်ငံစုံစနစ် တစ်ဆင့်တိုး ဖွံ့ဖြိုး တိုးတက်လာဖို့ တွန်း အားပေးရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။