ရှီကျင့်ဖိန်သည် အမေရိကန် "လူငယ်များ အတူသွား" ကူးလူးဖလှယ်ရေး အဖွဲ့အား အမှာစကား ပြောကြား

(GMT+08:00)2024-07-02 16:35:34  

ဇူလိုင်လ ၁ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် "လူငယ်များ အတူသွား"  ကူးလူးဖလှယ်ရေး အဖွဲ့အား အမှာစကား ပြောကြားခဲ့ပါသည်။

  ရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန် ဆက်ဆံမှု၏ မျှော်လင့်ချက်သည် ပြည်သူများ၌ ရှိပြီး အခြေခံသည် အရပ်ဘက်၌ ရှိကာ အနာဂတ်သည် လူငယ်များ၌ ရှိပြီး ရှင်သန်မှုသည် ဒေသန္တရ၌ ရှိကြောင်း၊ ခင်ဗျာတို့သည် ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် တရုတ်နိုင်ငံကို ထိတွေ့၊ ခံစား၊ နားလည်သိရှိနိုင်ရန်၊ တရုတ်လူငယ်များနှင့် ကူးလူးဆက်ဆံပြီး မိတ်ဖက်ကောင်းနှင့် မိတ်ဆွေကောင်းများ ဖြစ်လာကာ နှစ်နိုင်ငံ ပြည်သူများ အကြား ပိုမို များပြားသော ချစ်ခင်ရင်းနှီးမှု ပေါင်းကူးတံတားများကို ခင်းသွားပေးရန်၊ တရုတ်နှင့် အမေရိကန် ပြည်သူများ၏ ချစ်ကြည်ရေး တိုးမြှင့်ဖို့အတွက် အကျိုးပြုသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

   အမေရိကန် "လူငယ်များ အတူသွား"  ကူးလူး ဖလှယ်ရေး အဖွဲ့သည် အမေရိကန်နိုင်ငံ ပြည်နယ် ၇ ပြည်နယ်ရှိ အလယ်တန်း ကျောင်း ၁၄ ကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ကိုယ်စား လှယ် ၁၉၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တရုတ်ပြည်သူ့ နိုင်ငံခြား ချစ်ကြည်ရေး အသင်းမှ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လာရောက် ခရီးလည့်လှည်ခြင်း ဖြစ်ပါသည်။