အစ္စရေးက တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ချက်ချင်း တိုးသွားရန် လိုအပ်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဆို

(GMT+08:00)2024-07-02 16:39:36  

အစ္စရေး ကာကွယ်ရေးဝန်ကြီး Galante က အစ္စရေးသည် တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ချက်ချင်း တိုးသွားရန် လိုအပ်ကြောင်း၊ ၎င်းတို့အနက် ၄၈၀၀ အား အစွန်းရောက် ဂျူးလူမျိုးများထံမှ စုဆောင်း ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ကာတာ အယ်လ်ဂျာဇီးရား သတင်းဌာနက ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်  အစ္စရေး အသံလွှင့် ဌာနမှ သတင်းကိုကိုးကားပြီး ဖော်ပြခဲ့သည်။ Galante သည် ယင်းတောင်းဆိုချက်ကို အစ္စရေး လွှတ်တော် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာကော်မတီထံ အကြောင်းကြားခဲ့ပြီးဖြစ်သည်။