ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန်ရှိ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ- နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုတွင် တွန်းအားသစ်များ ထည့်သွင်းရန် သမ္မတရှီ၏ ခရီးစဉ်ကို စောင့်မျှော်နေ

(GMT+08:00)2024-07-02 16:33:58  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်ရန် ကာဇက်စတန်နိုင်ငံသို့ သွားရောက် မည်ဖြစ်သည်။ ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန်ရှိ အလွှာပေါင်းစုံမှပုဂ္ဂိုလ်များက သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်အသီးသီးတွင် တွန်းအားသစ်များ ထည့်သွင်း ပေးရန်၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းများကို ပူးတွဲ ရေးဆွဲပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြပါသည်။

တရုတ်နိုင်ငံဆိုင်ရာကာဇက်စတန်သံအမတ်ကြီး Nuryshevက ကာဇက်စတန်- တရုတ်တို့သည် ရေရှည်ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု မြင့်မားခြင်းကို ပြသထားကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့သည် ချစ်ခင်ရင်းနှီးသောဆက်ဆံရေးရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသောတွန်းအားများ ထည့်သွင်း ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်အစိုးရ လူငယ်နှင့် အားကစားရေးရာ ကော်မတီ၏ နိုင်ငံ တကာ ဆက်ဆံ ရေးဌာန မှ တာဝန်ရှိသူAyoubzodaက တရုတ်ခေါင်းဆောင်၏ တာဂျစ်ကစ္စတန် ခရီးစဉ် သည် အလွန်အရေးကြီးပါကြောင်း၊ တာဂျစ်ကစ္စတန် လူငယ်များသည် တရုတ် ခေါင်း ဆောင် ၏ ခရီးလှည့်လည်ခြင်းကို မျှော်လင့်ပြီး သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ် အတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့သည် လူငယ်များ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင် ရွက်မှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။