အိန္ဒိယ ဒေလီ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူ ၁၁ ဦး သေဆုံး

(GMT+08:00)2024-07-01 16:28:00  

လွန်ခဲ့သည့် ၂ ရက်အတွင်းတွင် အိန္ဒိယနိုင်ငံ ဒေလီမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် လူ ၁၁ ဦး သေဆုံးခဲ့သည်ဟု ဇွန်လ ၃၀ ရက်နေ့က သတင်းအရ သိရပါသည်။
    အိန္ဒိယမိုးလေဝသဌာနမှ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် အနောက်တောင်မုတ်သုံလေသည် ဒေလီမြို့နေရာအနှံ့သို့ ဝင်ရောက်ခဲ့ ပြီ ဖြစ်ကြောင်း ဖော်ပြ ထားသည်။ မုတ်သုံလေကြောင့် မိုး ဆက်တိုက် သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီး ရေလျှံ မှု နှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းအရ သိရပါသည်။