အမေရိကန် စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီမှ မဲဆန္ဒရှင် တစ်ဝက်နီးပါးသည် ဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲတွင် ဆက်လက် မပါဝင်သင့်ဟု ယူဆ

(GMT+08:00)2024-07-01 16:24:14  

ဒေသစံတော်ချိန် ဇွန်လ ၃၀ ရက်နေ့က အမေရိကန် CBS နှင့် စစ်တမ်းကောက်ယူမှုဌာန YouGov တို့ ပူးပေါင်းပြုလုပ်သော စစ်တမ်းတစ်ခုအရ ဒီမိုကရက်တစ်ပါတီမှ မဲဆန္ဒရှင်မျာ တစ်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း) တို့သည် လာမည့်နိုဝင်ဘာလတွင် ကျင်းပတော့မည့် သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဘိုင်ဒန်အနေနှင့် ဆက်လက်မပါဝင်သင့်ကြောင်း ယူဆကြသည်။ ယင်းပမာဏ သည် ယခုနှစ် ဖေဖော်ဝါရီလကထက် ၁၀ ရာခိုင်နှုန်း တိုးလာကြောင်း၊ တစ်ချိန်တည်း တွင်ပင် ဒီမိုကရက်တစ်ပါတီမှ မဲဆန္ဒရှင် ၅၄ ရာခိုင်နှုန်းက ဘိုင်ဒန်သည် သမ္မတ ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်သင့်ဟု ယူဆသေးကြောင်း သတင်းအရ သိရပါသည်။