တရုတ်ခရီးသွားများအတွက် လာအို၏ ဗီဇာကင်းလွတ်ရေးမူဝါဒ တရားဝင် စတင် အသက်ဝင်

(GMT+08:00)2024-07-01 16:26:41  

လာအိုနိုင်ငံ သတင်းပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးက ယခင် ထုတ်ပြန် ခဲ့သည့် စာတမ်းအရ တရုတ်ခရီးသွားများအတွက် လာအို၏ ဗီဇာ ကင်းလွတ်ခွင့် မူဝါဒသည်  ဇူလိုင်လ ရက်နေ့ တွင် စတင်အသက်ဝင်ခဲ့ပါသည်။

ယင်းစာတမ်းအရ လာအိုနိုင်ငံသည် လာအိုခရီးသွားလုပ်ငန်းကုမ္ပဏီမှတစ်ဆင့် ဖွဲ့စည်းထားသော၊ ရိုးရိုးဗီဇာကို ကိုင်ထားသော တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအို နှင့် ထိုင်ဝမ်တို့မှ ခရီးသွားများအတွက် ၁၅ ရက်ဗီဇာ ကင်းလွတ်ခွင့်မူဝါဒကို အကောင် အထည်ဖော်နေကြောင်း၊ ခရီးစဉ်ကို လာအိုခရီးသွားကုမ္ပဏီမှ စီစဉ်ပြီး လာအို သတင်းပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရပါသည်။

ဤမူဝါဒသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အသက်ဝင်မည်ဖြစ်ပါသည်။