ပါကစ္စတန်မှာ မင်္ဂလာပွဲကျင်းပစဉ် ပေါက်ကွဲမှုကြောင့် လူ၁၉ဦးဒဏ်ရာရ

(GMT+08:00)2024-07-01 16:27:08  

ဒေသစံတော်ချိန် ဇွန်လ ၃၀ရက်နေ့က ပါကစ္စတန်နိုင်ငံ ခယ်ပိုလ်-ပူရှ်ထိုပြည်နယ်၌ ကျင်းပသောမင်္ဂလာပွဲတွင် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူ အများစုမှာ စိုးရိမ်ရသောအခြေအနေ မရှိကြောင်း သတင်းအရ သိရပါသည်။