“တွေးခေါ်မှုစွမ်းအား” အစီအစဉ်တင်ဆက်သူက တရုတ်နိုင်ငံ၏ အဓိကစကားစုဖြစ်သော မိမိကိုယ့်ကို တော်လှန်ခြင်းအကြောင်း ပြောကြားရာဝယ်

(GMT+08:00)2024-07-01 13:24:06  

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့သည် တရုတ်ကွန်မြူနစ်ပါတီထူထောင်သည့် ၁၀၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံသစ် ထူထောင်လာချိန်ကစ  ဆက်တိုက် ၇၅ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ယနေ့ခေတ် ကမ္ဘာ့သမိုင်းတွင် ဆက်တိုက်အုပ်ချုပ်မှုကာလအရှည်ဆုံး နိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့ သည်။ သမိုင်းအရကြည့်လျှင် မည်သည့်ခေတ်ဖြစ်စေ၊ မည်သည့် အုပ်ချုပ်ရေး အာဏာဖြစ်စေ၊ မည်သည့်အုပ်ချုပ်သူဖြစ်စေ အုပ်ချုပ်ရေးအာဏာ “တိုးတက်၊ ဆုတ်ယုတ်၊ ကုစား၊ ရှုပ်ထွေး ခြင်း” ဟူသော ထပ်ခါထပ်ခါဖြစ် နေသည့် သမိုင်းစက်ဝန်းကြီးကနေ မလွတ် ကင်းနိုင် ပါဘူးဟု ဆိုခဲ့ဖူးသူရှိပါသည်။ ထိုသို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီဟူသည့် နှစ်ရာချီ နိုင်ငံရေး ပါတီကြီးကရော အဆိုပါတိုးတက်ဆုတ်ယုတ်သည့်လည်ပတ်နှုန်းမှ အောင် မြင် စွာ လွတ် မြောက် နိုင်မည်လား။ တရုတ်ကွန်မြူနစ်ပါတီဝင်များအတွက်ကတော့ အဖြေက အသေချာ ပင်ဖြစ်သည်။ ယနေ့မှာတော့ တရုတ်ကွန်မြူနစ်ပါတီ အဆင့်အမြင့်ဆုံးခေါင်းဆောင် ရှီကျင့်ဖိန်က အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပေးခဲ့သည့်အဖြေဖြစ်သော ပါတီ၏ မိမိကိုယ့်ကို တော်လှန်ခြင်းဆိုသည့်အကြောင်း တင်ပြ သွားမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်က မက်ခ်စ်ဝါဒ သည် တရုတ်နိုင်ငံအထိ ရောက်ရှိလာခဲ့သည်။ မက်ခ်ဝါဒ၏အယူအဆအရ ထုတ်လုပ်မှုဆက်ဆံရေးသည် ထုတ်လုပ်မှု စွမ်းရည်တိုးတက်မှုကို အကန့်အသတ်ဖြစ်လာချိန်တွင် “လူ့အဖွဲ့အစည်း တော် လှန်ရေး” ကျရောက်လာပြီဖြစ်သည်။ တစ်ချိန်တည်းတွင် Marx/Engels ၏ စာပေ လက်ရာများ၌ အောက်ပါအတိုင်းဆွေးနွေးချက်များပါဝင်ပါသည်။ “အုပ်ချုပ်ရေး အဆင့်က နိုင်ငံရေး အဖွဲ့ အစည်းအား တွန်းလှန်ရာတွင် ရှေးဦးစွာ မိမိကိုယ်ပေါ်က ညစ်ညမ်းသည့်အရာများကို စွန့်ပစ်ရမည်ဖြစ်ပြီး ထိုမှသာလျှင် လူ့အဖွဲ့အစည်း ပြန်လည်တည်ဆောက်မှုဟူသည့် တာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။” ယင်းက အာဏာရပါတီသည် လူ့အဖွဲ့အစည်း တော်လှန်ရေးဖော်ဆောင်ရာတွင် မိမိကိုယ်ပေါ်က ညစ်ညမ်း၍ ဟောင်းနွမ်းသောအရာများကို ရှေးဦးစွာဖယ်ရှားပြီး “မိမိကိုယ့်ကို တော်လှန်ရေး” လုပ်ဆောင်ရမည်ဟု ဖော်ပြနေသည်။

ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က မက်ခ်စ်ဝါဒ အခြေခံသဘောတရားကို တရုတ်နိုင်ငံ၏ အသေးစိတ်လက်တွေ့အခြေအနေနှင့်၊ တရုတ်နိုင်ငံ၏ ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုနှင့် ပေါင်းစပ်ကာ “ပါတီ၏ မိမိကိုယ်ကို တော်လှန်ရေး“ ဟူသည့် ခေတ်သစ်တရုတ်ကွန်မြူနစ်ပါတီ တည်ဆောက်ရေး၏ အခြေခံအယူအဆကို အဆိုပြုခဲ့ပြီး ၎င်းကို နိုင်ငံတော် ရေရှည် တည်ငြိမ် အေးချမ်းမှု ဖော်ဆောင်ပြီး အာဏာတိုးတက်မှုကို အစားထိုးသည့် သမိုင်းလည်ပတ်မှုနှုန်းမှ လွတ်မြောက် သည့် အဖြေအဖြစ်ထားရှိခဲ့သည်။