ဗဟိုအစိုးရသည် ဟောင်ကောင်သို့ ပန်ဒါဝက်ဝံ တစ်စုံကို လှူဒါန်းမည်ဟု Lee Ka Chiu John ဆို

(GMT+08:00)2024-07-01 16:24:44  

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Lee Ka Chiu John က ဗဟိုအစိုးရသည် ဟောင်ကောင်သို့ ပန်ဒါဝက်ဝံ တစ်စုံကို ထပ်မံလှူဒါန်းမည်ဖြစ်ပြီး မကြာမီလအနည်းငယ်အတွင်း ဟောင်ကောင်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်မည်ဖြစ်သည်။