China Media Group(CMG)မှပရီမီယံ အစီအစဉ်များကို တာဂျစ်ကစ္စတန်တွင် စတင်ထုတ်လွှင့်

(GMT+08:00)2024-07-01 16:10:08  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ တာဂျစ်ကစ္စတန်နိုင်ငံခရီးစဉ် စတင်တော့မည့်  ဇွန်လ ၃၀ ရက်နေ့က  China Media Group (CMG)နှင့် တာဂျစ်ကစ္စတန်နိုင်ငံ “Khovar” အမျိုးသားသတင်းအေဂျင်စီ၊ Shinamo TV Station တို့ ပူးတွဲကျင်းပသော CMG ပရီမီယံတီဗီအစီအစဉ်များ တာဂျစ်ကစ္စတန်တွင် ထုတ်လွှင့်ပြသခြင်းလှုပ်ရှားမှုများကို Dushanbe မြို့တွင် စတင်ခဲ့ကြောင်း၊ "ရှီကျင့်ဖိန်နှင့်ဆုံတွေ့ခြင်း" အပါအဝင် CMG ပရီမီယံရုပ်သံအစီအစဉ် ၁၀ ကျော်ကို တာဂျစ်ကစ္စတန်၏ အဓိကမီဒီယာများတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ်ထုတ်လွှင့်ပြသသည့် CMG ၏ရုပ်သံအစီအစဉ် ၁၀ ကျော်သည် ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ရှင်သန်မှုကို ဒေသခံပရိတ်သတ်များအား ပြသမည်ဖြစ်ပြီး နှစ်နိုင်ငံ အကြား ယဉ်ကျေးမှုများအပြန်အလှန်လေ့လာသင်ယူမှု၊ အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်း ဆောင် ရွက်မှု များဆိုင်ရာ ကောင်းမွန်သော မျှော်မှန်းချက်များကို ပေးကမ်းမည်ဖြစ်ကြောင်း သိရပါသည်။